Thursday, August 2, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာနှင့်ပက်သက်၍တုန့် ပြန်ဖြေရှင်းချက်





သို့ 
    
၇၄မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆလိုင်းကိုတင်မောင်ဦးညီမ   အမကြီးမလှမြိုင်

အကြောင်းအရာ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာနှင့်ပက်သက်တုန့် ပြန်ဖြေရှင်းချက်

၁။8888peoplepowergroupmailမှာကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာဆိုပြီး ရောက်ရှိလာပါသည်။ကိုကိုကြီးဆီကိုလည်း အိတ်ဖွင့်ပေးသည့်စာကို ပေးပို့ ထားပြီးဖြစ်ပါသည်။ကျနော်အနေဖြင့်အိတ်ဖွင့်ပေးစာတွင်ရေးသားထားချက်များအား မတူညီသောအမြင်ကိုအခြေခံပြီး ပွင့်လင်းစွာဆွေးနွေးတုန့် ပြန်လိုက်ပါသည်။

၂။ရခိုင်ပြည်မတည်ငြိမ်ဖြစ်ပျက်မှုနှင့်ကျူးကျော်စော်ကားဖျက်ဆီးနေသောကိစ္စရပ်နှင့်ပက်သက်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့်ကိုကိုကြီးပြောဆိုခဲ့သောအောက်ပါစကားရပ်များ
 " ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှသည်းခံ
ဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ
ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာနိုင်ငံ
တကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝ
လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့
မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ
အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”
မတူညီသောရှုထောင့်အမြင်များဖြင့်ရေးသားထားသည်ကိုတွေ့ ရပါသည်။

၃။ကိုကိုကြီးအမျိုးသားရေးအမြင်ဖြင့်ပြောဆိုသောစကားကိုအခြေပြုနိုင်ငံရေးအရတံဆိပ်ကပ်၊စွပ်စွဲတိုက်ခိုက်မှုများမဖြစ်ပေါ်
လာအောင်ကာကွယ်ပြင်ဆင်သောအနေဖြင့်ရိုးသားစွာတုန့် ပြန်ဖြေရှင်းခြင်းဖြစ်ပါသည်။

၎။မြန်မာနိုင်ငံသည်အင်အားကြီးနိုင်ငံများ၊လူဦးရေကြီးမားသောနိုင်ငံများနှင့်အနီးအနားတွင်တည်ရှိနေသည့်နိုင်ငံတနိုင်ငံဖြစ်ပါသည်။ပထ၀ီအနေအထားအရလည်းအရေးပါသည့်တောင်အာရှ၊အရှေ့ တောင်အာရှနှင့်အိန္ဒိယသမုဒ္ဒရာကြားတွင်ရှိနေသောနိုင်ငံဖြစ်ပါသည်။ထို့  ကြောင့်အမျိုးသားရေးစိတ်ဓါတ်သည် ခေတ်တိုင်း၊စံနစ်တိုင်းတွင်ခိုင်မာနေဖို့  အထူးလိုအပ်ပါသည်။

၅။ကျနော်အနေနှင့်ဘင်္ဂါလီ(ခ)အတုအယောင်ရိုဟင်ဂျာတိုင်းရင်းသားလိမ်လုပ်ဇာတ်အား မြန်မာနိုင်ငံလူတန်းစားရေးပြဿနာ၊အမျိုးသားရေးရာကိစ္စရပ်အဖြစ်အသိအမှတ်မပြုသဖြင့်အထူးတလည်ဦးစားပေးရမည့်ကဏ္ဍမဟုတ်လို့ ယူဆပါသည်။

၆။ယနေ့ ရခိုင်ပြည်အရေးသည် နိုင်ငံရေးအမြင်၊သမိုင်းရေးအမြင်ဖြင့်တိုင်းပြည်နှင့်လူမျိုးအနာဂတ်ကိုအမျှော်အမြင်ရှိစွာမထည့်တွက်ပဲလုပ်ကိုင်ကြသူများဘေးထွက်ဆိုးကျိုးတရပ်ဖြစ်ပါသည်။တိုင်းပြည်ကိုရောင်းစားလိုသူတချို့ ၊တဘို့ တည်းသောစိတ်ဓါတ်ရှိသည့်ကိုယ်ကျိုးရှာဖောက်ပြန်သူများ၏ လုပ်ရပ်လည်းဖြစ်ပါသည်။

၇။ထိုအခြေအနေများကိုကာယကံမြောက်ပါဝင်ပက်သက်မှုပြုခဲ့သူများတုံဏိဘာဝေရှိနေသည်။ထို့ အတူဒီမိုကရေစီအပေါ်ထပ်အဆောက်အအုံမှသူများလည်းနှာစေးလိုနေကြသည်။ထိုကဲ့သို့  သောအကြောင်းအရာများဖြစ်ပေါ်နေလို့  ထောင်ထဲနှစ်ရှည်လများနေထိုင်ခဲ့ရသူကိုကိုကြီးမှအမုန်းခံပြီးအမှန်တရားနှင့်အမျိုးသားရေးအတွက်ထွက်ပြောဆိုရခြင်းသာဖြစ်ပါသည်။ကိုကိုကြီးပြောဆိုခြင်းအပေါ်ထောက်ခံကြောင်းကို
လည်းဖော်ပြပါနေရာတွင် http://www.youtube.com/watch?v=E9qF90QxORcကြည့်နိုင်ပါသည်။

၈။ကိုကိုကြီးပြောဆိုချက်သည်စစ်တပ်ကိုဖါးယားကာတိုင်းပြည်ကိုစစ်ဖိနပ်အောက်ရောက်အောင်လုပ်ကိုင်ပြောဆိုချက်မဟုတ်လို့  ယူဆမိပါသည်။တိုင်းပြည်ကျူးကျော်မှုနှင့်တမျိုးသားလုံးအန္တာရယ်အပေါ်မှာကာကွယ်သွားရေးအတွက်စစ်တပ်နှင့်လက်တွဲဖြေရှင်းမည်လို့  ပြောဆိုခြင်းဖြစ်ပါသည်။ထိုပြောဆိုမှုသည်မူရှိသော၊ဘက်ရှိသောစကားဖြစ်တာကြောင့် စစ်တပ်ကိုဒူးထောက်အညံခံရေးလုံးဝမပါရှိသည်ကိုတွေ့ နိုင်ပါသည်။

၉။သမတဦးသိန်းစိန်ကိုယုံကြည်ပါသည်ဟုတိုင်းသိ၊ပြည်သိ၊ကမ္ဘာသိထုတ်ဖော်ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပင် ၂၀၀၈ခုနှစ်ဖွဲ့ စည်းအုပ်ချုပ်ပုံကိုကာကွယ်စောင့်ရှောက်ပါမည်ဟုကျမ်းသစ္စာကျိန်ဆိုထားလွှတ်တော်အတွင်းရောက်နေပါသည်။ဒီမိုကရေစီအင်အားစုအားလုံးအပေါ်ကိုယ်စားပြုခြင်း၊မပြုခြင်းကို အနီးစပ်ဆုံးသာဓကအဖြစ်ဖော်ပြခြင်းဖြစ်ပါသည်။

၁၀။တိုင်းပြည်အားကျူးကျော်မှုအရေးတွင်ရန်၊ငါစည်းအမြင်နှင့်ရပ်တည်လို့ မရပဲအမျိုးသားအကျိုးစီးပွားအပေါ်အခြေခံပြီးရပ်ခံသောလမ်းစဉ်ကိုရှေ့  ရှုသင့်ပါသည်။သမိုင်းသာဓကများအနေဖြင့်လည်းတရုတ်ပြည်ကိုဂျပန်ကျူးကျော်ချိန်မှာချန်ကေရှိတ်(နေရှင်နယ်လစ်)နှင့်မော်စီတုန်း၊ချူတေး
(ကွန်မြူနစ်)တို့ လက်တွဲတိုက်ပွဲဝင်ခဲ့ပါသည်။ဗမာပြည်မှာလည်းလွတ်လပ်ရေးတိုက်ပွဲမှာဒို့ ဗမာအစည်းအရုံးသခင်များနှင့် ဒေါက်တာဘမော်တို့ ပေါင်းကာ(ဒို့  ဗမာဆင်းရဲသား အစည်း အရုံး၊ဗမာ့ထွက်ရပ်ဂိုဏ်း)တို့ ဖြင့်လက်တွဲတိုက်ပွဲဝင်ခဲ့ပါသည်။

၁၁။ကိုကိုကြီးပြောဆိုမှုမှာလည်းစစ်တပ်နှင့်လက်တွဲသင့်ရင်လက်တွဲကာကွယ်သွားမည်ဆိုသောစကားသည် တိုင်းပြည်ရန်ကာကွယ်ရေးအပေါ်မှာညွန်းပြခြင်းလို့ ထင်မြင်ပါသည်။စစ်တပ်အလုပ်သည်တိုင်းပြည်ကာကွယ်သောအလုပ်ဖြစ်၍ ဒူးနေရာဒူး၊တော်နေရာတော်ထားပြီးပြောဆိုခြင်းဖြစ်လို့ နိုင်ငံရေးပရာဇိကကျမည့်စကားမဟုတ်လို့ ယူဆပါသည်။

၁၂။ထို့ အပြင်အိတ်ဖွင့်ပေးစာမှာရေးသားထားသောစစ်တပ်ကိုစိတ်နှင့်တောင်မပြစ်မှားပါနဲ့ လို့ ပြောသူဗိုလ်ချုပ်အောင်ကြီးနှင့် စစ်တပ်နှင့်လက်တွဲဖြေရှင်းသွားမည်ပြောသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးအားနှိုင်းယှဉ်ချက်မှာ စေတနာဒီဂရီခြင်းမတူသည့်အပေါ် ကောက်ကြောင်းဆွဲခြင်းဖြစ်နေပါသည်။သမဂ္ဂဖြိုခွဲသူဗိုလ်ချုပ်အောင်ကြီးနှင့်ကျောင်းသားလှုပ်
ရှားမှုမှပေါ်ထွက်လာသူကိုကိုကြီးတို့ ၏သမိုင်းတန်ဖိုးလည်းကွာခြားနေပါသည်။

၁၃။အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာစစ်သူကြီးမဟာဗန္ဓုလမှရဲမက်များအားပြောဆိုရာမှာငါတို့ သည်သူများမြေကိုတလက်မမျှမကျူးကျော်ဘူး၊ငါတို့  မြေကိုကျူးကျော်လာရင်လည်း သည်းမခံဘူး၊ဓါးစွဲတိုက်မယ်ဆိုပြီးပြောဆိုခဲ့ပါသည်။အမျိုးသားရေးအစဉ်အလာများအပေါ်အခြေခံပြောဆိုလိုက်သောကိုကိုကြီးစကားသည် လူမျိုးရေးခွဲခြားမှုများလုံးဝမပါဟုယူဆပါသည်။ ပေဖြစ်လျှင်ခံ၊တူဖြစ်လျှင်နှံဆိုသောအယူအဆကိုတောင်ကိုကိုကြီးမှဆန့် ကျင်ပြီး ပေဖြစ်လျှင်ခံ၊တူဖြစ်လျှင်မှန် ရမည်ဆိုသောအကျင့်စိတ်ဓါတ်ရှိသူလည်းဖြစ်ပါသည်။

၁၄။ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်များသည်လည်း ရှေ့ မှ၆၂၊၇၄နောင်တော်၊အမတော်မျိုးဆက်များ၏သန္ဓေမှပေါက်ဖွားလာခြင်းဖြစ်ပါသည်။ထို့ အတူကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးဆိုသည်မှာလည်းကျောင်းသားသမိုင်းမှာအစဉ်အဆက်တောက်ပနေမည့်ကြယ်တပွင့်လို့ ခံယူပါသည်။အမကြီးမလှမြိုင်လိုစွန့် လွှတ်ပေးဆပ်မှုများကိုလည်း အစဉ်ထာဝရလေးစားနေမှာဖြစ်ပါသည်။ 
လေးစားစွာဖြင့်
စစ်အောင်



 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
အားလုံးကိုမေတ္တာရပ်ခံပါတယ်: ဆလိုင်းတင်မောင်ဦးဟာ ဦးသန့်အရေးအခင်း(၁၉၇၄)ကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ပါ။ နေဝင်းအစိုးရရဲ့ ပထမဆုံးကြိုးပေးခံခဲ့ရပြီး ကြိုးစင်တက်တဲ့အထိ "စစ်အစိုးရကို ဒူးမထောက်အညံ့မခံဘူး"လို့ ကြွေးကြော်ခဲ့သူပါ
ပြည်သူအားလုံး လေးစားသင့်တဲ့ အာဇာနည် ဆလိုင်းတင်မောင်ဦး အကြောင်းကို http://nge-naing.blogspot.de/2009/12/blog-post_7830.html ပို့စ်မှာ ရော၊ ပို့စ် အောက်က ကွန်မန့်တွေမှာပါ နည်းနည်းလောက် ဖတ်ကြည့်ကြပါဦးဗျ

Arakan Review

စစ်အာဏာရှင် ထိပ်သီး ဗိုလ်နေ၀င်း၏ တိုက်ရိုက်အမိန့်ဖြင့် ကြိုးပေး အသတ်ခံခဲ့ရသည့် သူရဲကောင်း တဦးကိုပြပါဆိုလျှင် ကိုတင်မောင်ဦး ကိုလက်ညိုးထိုးပြရပါမည်။

မဆလခေတ် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နိုင်ငံတော် ကောင်စီဝင် ဦးလှထွန်းဖြူမှ - သမိုင်းတွင်ကြိုးပေးခံရသည့် ကျောင်းသားမရှိသေး၍ တင်မောင်ဦးအား မသတ်ရန် ထပြောသောအခါ၊ ဗိုလ်နေ၀င်းက ထိုင်ရာမှဝုန်းဒိုင်းထကာ “အဖိုးကြီး ပါးစပ် ပိတ်ထားစမ်း၊ အဲဒီအကောင်ကျနော့်ကို သတ်ဖို့လာတာ” ဟု လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ခဲ့ကြောင်းကိုသိရပါသည်။ ဦးလှထွန်းဖြူမှာလည်း ထိုနေ့မှစ၍ နိုင်ငံတော်ကောင်စီသို့ မသွားတော့ကြောင်းသိရပါသည်။ ဗိုလ်နေ၀င်း သေဖို့ ဒီလောက်တောင် ကြောက်ခဲ့ရသည့် သူကိုမှ ကျနော်တို့လူငယ်များက သူရဲကောင်းအဖြစ် အသိအမှတ်မပြုလျှင် ဘယ်သူ့ကို ပြုရပါ မည်နည်း။ အာဇာနည်မျိုး သေရိုးမရှိပါ။

ထောင်ထဲနေစဉ် ကျနော့်အသဲနှလုံးကို မျှားသုံးစင်းအပစ်ခံရ၏။ ကိုတင်မောင်ဦးကို ကြိုး ပေးသတ်လိုက်သည့်နေ့။ ဘ၀မှတ်တမ်းဖြစ်သည်။ နောက်တစင်း မိဘထက်ပင်ချစ်သည့် အဖွား ဒေါ်မစော ဆုံးသည့်နေ့။ နောက်ဆုံးတစင်း အစ်ကိုကြီး ကိုသန်းရွှေ (သြဂုတ်သွေး) အင်းစိန်ထောင်တွင်းမှာပင် ရန်သူသတ်လို့သေသွားကြောင်း သိလိုက်ရသည့်နံနက်ခင်း။ ဆောင်းတွင်း။ မျက်ရည်ပူတွေ စီးဆင်းနေ၏။ အပြင်ကမျက်ရည်နှင့် ထောင်ထဲကမျက်ရည် သိပ်သည်းဆခြင်း ဘယ်တူပါ့မလဲ ဟု ကိုတင်မောင်ဦးနှင့်ပတ်သက်၍ ကျနော့်ခံစားချက်ကို အရေးတော်ပုံ (၄) စောင်တွဲတွင် မှတ်တမ်းပြုခဲ့ပါသည်။ ထို့အတူ ကောင်းညို၏ ရဲရင့်ကြယ် တင်မောင်ဦး ဟု မှတ်တမ်းပြုခဲ့သည်ကိုတွေ့ရပါသည်။ အုန်းဖြန်ဒုက္ခသည် စခန်း တွင်လည်း ဆလိုင်းတင်မောင်ဦး အတွက် (၃၂) နှစ်မြောက် အောက်မေ့ဖွယ် အခန်းအနားကို မနှစ်က ကျင်းပသွားခဲ့ကြောင်းသိရပါသည်။ အမြင့်ပျံ ခွပ်ဒေါင်း (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး ခေါင်းစဉ်ဖြင့် ဆလိုင်းကစ်ပ် (ချင်းပြည်) က (၁၉၈၂-၈၃) ခုနှစ်ထုတ် တက္ကသိုလ်များ ရန်ကုန် (ချင်းမဂ္ဂဇင်း) တွင်ဖော်ပြထားသည်ကို ဖတ်ရပါသည်။ သူရဲကောင်းစိတ်ဓါတ်တွင် အရောင် မပါပါ။ ရန်သူကို အနိုင်တိုက်ပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသည့် သံဓိဌာန်ဖြင့် အသက်စွန့်လွတ်သွားသူများသာ ဖြစ်ကြပါသည်။

ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့လုပ်နေကြတယ်။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး” လို့ပြောကြား သွားသည့် သူရဲကောင်း၏ အနိုင်ယူသွားသည့် သံဓိဌာန်ကို နားထဲစွဲနေမိသည်။ အချိန်ကား (၁၉၇၆) ခုနှစ်။ ဂျွန်လ (၂၆) ရက်နေ့ နံနက် (၄)နာရီ။ ကြိုးတိုက်ထဲက အထွက် ကြိုးစင်ကိုအသွား သူနေခဲ့ သည့် ကြိုးတိုက် အတွင်းနံရံပေါ်မှာက “ညီမလေး မိုင်ပိုပို အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ်” လို့ရေးသွားခဲ့သေးသည်။

ကြိုးတိုက်အတွင်း ကျန်ရစ်နေခဲ့သည့် ကြိုးသမားများထဲမှ ရခိုင်အစ်ကိုကြီး ကိုတင်အောင်က ကျနော်တို့ကိုပြောပြပါသည်။ ထိုစဉ်က ကျနော်တို့ရဲဘော်တွေမှာ တတိုက် တတန်းလျားထဲနေခဲ့ကြဖူးပါသည်။ အာဇာနည်၏ နံနက်ခင်းရှုခင်း၊ ရှုကွက်ကို ကျန်ရစ်သူ ရဲဘော်များ အဆောင်တွေထက်မှလည်း မြင်သိခဲ့ကြပါသည်။ ဘယ်သောအခါမှ မေ့ပျောက်နိုင်ပါအံ့နည်း။ အာဇာနည်မျိုး သေရိုးမရှိ။

မောင်လူပျို (မိသားစုဝိုင်း)
၁၅ - ၁၂ - ၂၀၀၉

No comments: